ဆိုင်ကယ်အင်ဂျင်တွေမှာ အင်ဂျင်ဝိုင် ဘာကြောင့်စားနေတာလဲ

ဆိုင်ကယ်အင်ဂျင်တွေမှာ အင်ဂျင်ဝိုင်
ဘာကြောင့်စားနေတာလဲ

အင်ဂျင်တစ်လုံး ကောင်းကောင်းအလုပ် လုပ်နိူင်ဖို့အတွက် အင်ဂျင်ဝိုင်ချောဆီသည်
မရှိမဖြစ် အသက်သွေးကြောဖြစ်ပါသည်။အင်ဂျင်
မနိူးခင်မှာ အင်ဂျင်ဝိုင်တိုင်းပါ။ဒါမှ အင်ဂျင်ဝိုင် စား| မစား/လျော့ မလျော့ သိနိူင်ပါသည်။အင်ဂျင်အစိတ်အပိုင်းတွေမှာချော ချော မွေ့မွေ့ လည်ပတ်နိူင်ဖို့ အင်ဂျင်ဝိုင်က အဓိကကျပါတယ်။နောက်တမျိုးကတော့ အင်ဂျင်အတွင်းပိုင်း အအေးခံဖို့နှင့်သံထည်ပစ္စည်းတွေ မပျက်စီးစေဖို့နှင့်Compressn ကောင်းစေဖို့အတွက် အဓိကတာဝန်တွေကိုလည်း အင်ဂျင်ဝိုင်ကလုပ်ဆောင်ပေးပါတယ်။ အင်ဂျင်ဝိုင်ခန်းတာတို့အင်ဂျင်ဝိုင်လျော့နည်းတာတို့ဆိုင်ကယ်မောင်းသူတိုင်း တွေ့ကြုံရတဲ့ပြဿနာတစ်ရပ်ပါ။အင်ဂျင်ဝိုင်ခန်းတဲ့ပြဿနာက ရိုးရိုးခန်းတာမဟုတ်ဘဲ ထူးထူးခြားခြားခန်းပြီးဆိုရင်တော့ ပြဿနာရှိနေလို့ပါဘဲ။အင်ဂျင်ဝိုင် အကုန်မြန်နေတာ ဒါမှမဟုတ်အင်ဂျင်ဝိုင်စားနေတာဟာ အန္တရာယ်
ရှိပါတယ်


engine oil

နေ့တိုင်းအင်ဂျင်ဝိုင်တိုင်းပြီး လိုနေတာထက်ဖြည့်ပေးနေရပြီဆိုရင် အလုပ်ရူပ်
ပြီးစိတ်အနှောက်အယှက်ဖြစ်တက်ပါတယ်။ဘာကြောင့် အင်ဂျင်ဝိုင်တွေ လျော့သွားတာလဲ။အင်ဂျင်ကျ နေလို့လားဒါမှမဟုတ်အင်ဂျင်ဝိုင်တွေယိုနေလို့လား စစ်ဆေးဖို့လိုအပ်ပါတယ်။
အင်ဂျင်တွေမှာ အင်ဂျင်ဝိုင်အစားများရတဲ့အကြောင်းရင်း များစွာရှိပါတယ်။ အင်ဂျင်အတွင်းပိုင်းက pistonနဲ့စလစ်ကြားမှာ Ring ကွင်းတွေတပ်ဆင်ထားပါတယ်။piston တစ်လုံးမှာ Compression Ringနင့်Oil Ring ဆိုပြီး ရိန်းကွင်းတွေ တပ်ဆင်ထားပါတယ်။အင်ဂျင်လည်ပတ်အလုပ်လုပ်တဲ့အချိန်မှာ piston တစ်လုံးဟာ စလစ်ထဲမှာ ရှေ့ နောက်ရွေ့လျားပါတယ်။စလစ်နဲ့
ပင်စ္စတင်ကြားမှာ ရိန်းကွင်းလေးတွေက စလစ်နံရံတွေရှိတဲ့ အင်ဂျင်ဝိုင်တွေကို ခြစ်ချပေးရပါတယ်။အင်ဂျင်သက်တမ်းကြာလာတာနဲ့အမျှ စလစ် နံရံတွေရော ပင်စ္စတင် ရိန်းကွင်းတွေပါ ချောင်တက်ပါတယ်။ရိန်းကွင်းတွေမလုံရင် အင်ဂျင်ပေါက်ကွဲလောင်ကျွမ်းတိုင်း အင်ဂျင်ဝိုင်
တွေ မီးလောင်ပြီး အိတ်ဇောပိုက်ထဲကနေ အပြင်သို့ ရောက်ရှိပါတယ်။
ပင်စ္စတင် ရိန်းကွင်းတွေ တပ်ဆင်ပုံ မှန်ကန်မူ
မရှိရင်လည်း အင်ဂျင်ဝိုင်စားနိူင်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့အင်ဂျင် Head ထဲ မှာရှိတဲ့ ဘား / ဘားအဝိုင်းစိ ဘားကိုက်တွေစားပြီး ချောင်နေရင် အင်ဂျင်ဝိုင်
ယိုစိမ့်ပြီး အင်ဂျင်မီးလောင်ပေါက်ကွဲတဲ့ အခါမှာ ရောပြီးဆုံးရူံးသွားပါတယ်။

အင်ဂျင်ဝိုင်အကြောင်း

အင်ဂျင်Head ထဲမှာ ဆီဘားနှင့်မီးဘားတွေကို ဘားကိုက်ထဲမှာ အံဝင်ဂွင်ကျထည့်ထားရပါတယ်။Valve တွေကို
ဖွင့်လိုက် ပိတ်လိုက် ရွေ့လျားအောင် Cam Shaft
တွေကလုပ်ဆောင်ပေးရပါတယ်။ဒီလိုလုပ်ရှားပေးတဲ့အချိန်မှာ ပွတ်စားမူသက်သာအောင် အင်ဂျင်ဝိုင်ချောဆီက လုပ်ဆောင်ပေးပါတယ်။
ဒီလို ပွတ်စားမူသက်သာအောင်လို့ လုပ်ဆောင်ပေးတဲ့ အချိန်မှာ ဒီချောဆီတွေ အင်ဂျင် မီးလောင်ခန်းထဲ ရောက်မသွားအောင်လို့ ဘားအဝိုင်းစိလေးတွေက တားဆီးပေးပါတယ်။
စလစ်တစ်လုံးအတွက် ဘားနှစ်ချောင်း သို့မဟုတ်ဘားလေးချောင်း အင်ဂျင်ပေါ်မူတည်ပြီး ရှိတက်ပါတယ်။အင်ဂျင်သက်တမ်းကြလာရင် ဘားစိ ဘားကိုက်တွေချောင်တက်ပါတယ်။ဒီလိုချောင်နေပြီဆိုရင်တော့ အင်ဂျင်ဝိုင်တွေ ဆီလိုအပေါက်ရှာပြီးထွက်လာတက်ပါတယ်။

ဆိုင်ကယ်အင်ဂျင်ဝိုင်

အင်ဂျင်ဝိုင်လျှော့နည်းစေတဲ့နောက်မျိုးကတော့
အင်ဂျင်ဝိုင်တွေ ယိုစိမ့်နေခြင်းပါဘဲ။အင်ဂျင်မှာ ဘယ်နားကနေ အင်ဂျင်ဝိုင်ယိုစိမ့်နေတာလဲ သေချာစွာစစ်ဆေးပါ။အင်ဂျင်မှာအဝိုင်းစီး များစွာရှိပါတယ်။သံလိုက်အုံ ဘက်ခြမ်းက ယိုနေတာလား ကလပ်အုံကလား အလည်ခြမ်းကလား အရှေ့ခြမ်းကလား တိုက်ပစ်အဖုံးတွေကလား သေချာစွာစစ်ဆေးဖို့လိုပါတယ်။ မိန်းအဝိုင်းစီးတွေ မကောင်းရင်လဲအင်ဂျင်ဝိုင်ယိုစိမ့်တက်ပါတယ်။
ဂတ်စက်တွေပျက်နေတယ်ဆိုရင် ဂတ်စကက်တွေလဲပေးသင့်ပါတယ်။ အင်ဂျင်ဝိုင်
ယိုတဲ့နေယာတွေအားလုံးကို စစ်ဆေးပါ။

အဆိုင်အင်ဂျင်ဝိုင်အကြောင်း

အင်ဂျင်ကျလို့အင်ဂျင်ဝိုင်စားတာများတယ်ဆိုရင်
အင်ဂျင်ကိုင်ဖို့ စစ်ဆေးရပါမယ်။အင်ဂျင်ဖွင့်ပြီး
အသေးစားပြုပြင်ဖို့ အကြီးစားပြုပြင်ဖို့ စစ်ဆေးရပါတယ်။ အင်ဂျင်Headနဲ့ဂတ်စကက်တွေစစ်ပါ။ဘားတွေရ့့ အခြေအနေကိုစစ်ဆေးပါ။ဘားစိ ဘားကိုက်တွေ အသစ်ပြန်ရိုက်သင့်ရင်ပြန်ရိုက်ပါ။ပင်စ္စတင်ရိန်းတွေကိုပါ စစ်ဆေးမူတွေပြုလုပ်ပါ။စလစ်တွေ အတွင်းပိုင်းစားပြီး ဘဲဥပုံလိုက်နေပြီလား စလစ်ကို ဘိုးရင်းထိုးဖို့လိုသလား ကွန်နတင်း ကရိုင်းနဲ့မိန်းဘောတွေ ကောင်းသလား အသေးစိတ်စစ်ဆေးရပါတယ်။
အင်ဂျင်ဝိုင်စားနေပြီဆိုရင် အင်ဂျင်ကျတာလား ဆီယိုနေသလား  ဂတ်စက်မကောင်းတာလား  ပင်စ္စတင်ရိန်း ချောင်နေတာလား မိန်းဝိုင်းစီးတွေ မလုံလို့လား
ဖြစ်နိူင်ခြေရှိတာတွေကို စစ်ဆေးပြီး  ပြစ်ချက်ကိုရှာကြည့်ပါ။
          အင်ဂျင်ဝိုင်ဟာ အင်ဂျင်တစ်လုံးအတွက် အသက်သွေးကြောဖြစ်တာကြောင့်  အင်ဂျင်ဝိုင်အစားများတဲ့ပြဿနာတွေကို စစ်ဆေးဖော်ထုက်ပြီး အနာနဲ့ဆေးတည့်နိူင်ကြပါစေ။
                     
                                ‌ခရက်တစ်-ko zaw(ခရက်တစ်ပေးပါသည်)


Comments

Popular posts from this blog

ပေါ့ပေါ့ပါးပါး Honda CB150R

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား